mewashingtondcHome » » (၁) မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်နှင့် အခြားကိစ္စရပ်များအတွက် လျှောက်ထားခြင်း

(၁) မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်နှင့် အခြားကိစ္စရပ်များအတွက် လျှောက်ထားခြင်း

နှုန်းထားများ

မြန်မာနိုင်ငံကူးလက်မှတ်အသစ်ခ – USD 25
နိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး – USD 75
သက်တမ်းတိုးနောက်ကျဒဏ်ကြေး – နောက်ကျသက်တမ်း (၂)နှစ်အတွက် ကောက်ခံခြင်း မရှိပါ။ ၂နှစ်ထက်ကျော်လွန်သောကာလများ အတွက် (၁) နှစ်လျှင် USD 15

(၁-၁) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအသစ်ထုတ်ရန် လျှောက်ထားခြင်း

(၁-၂) နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၃) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၄) နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းများအတွက် လျှောက်ထားခြင်း

(၁-၅) ထောက်ခံစာများ ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၆) အခြားနိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ မြန်မာနိုင်ငံသား ပြန်လည်ခံယူရန်လျှောက်ထားခြင်း

အထက်ပါအတိုင်း နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် အခြား စာရွက်စာတမ်းများကို USPS/FedEx/UPS စာပို့လမ်းကြောင်းမှ ပေးပို့ရာတွင် UPS ဖြင့် ပေးပို့သည့် စာ/ပါဆယ်/နိုင်ငံကူးလက်မှတ် ပျောက်ဆုံးမှု တစ်ခါတစ်ရံ ကြုံတွေ့ရကြောင်း သိရှိရသဖြင့် သတိပြု ဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။ ကာယကံရှင် အသုံးပြုသည့် စာပို့စနစ်ကြောင့် အချိန်မီမရရှိခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပွားပါက လျှောက်ထားသူ၏ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။