mewashingtondcHome » » (၁) မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်နှင့် အခြားကိစ္စရပ်များအတွက် လျှောက်ထားခြင်း

(၁) မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ်နှင့် အခြားကိစ္စရပ်များအတွက် လျှောက်ထားခြင်း

နှုန်းထားများ

+ မြန်မာနိုင်ငံကူးလက်မှတ်အသစ်ခ – USD 35 (မှတ်ချက်။ အောက်ဖော်ပြပါ နိုင်ငံကူးလက်မှတ်ခနှုန်းထား ကြေညာချက်ပါအတိုင်း )
+ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးဒဏ်ကြေး – USD 105 (မှတ်ချက်။ အောက်ဖော်ပြပါ
သာမန်မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခြင်းအတွက် ဒဏ်ကြေးပြောင်းလဲ  ကောက်ခံခြင်း အသိပေးကြေညာချက်ပါအတိုင်း)
+ သက်တမ်းတိုးနောက်ကျဒဏ်ကြေး – နောက်ကျသက်တမ်း (၂)နှစ်အတွက် ကောက်ခံခြင်း မရှိပါ။ ၂နှစ်ထက်ကျော်လွန်သောကာလများ အတွက် (၁) နှစ်လျှင် USD 15

(၁-၁) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအသစ်ထုတ်ရန် လျှောက်ထားခြင်း

(၁-၂) နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၃) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၄) နိုင်ငံကူးလက်မှတ်အမျိုးအစားပြောင်းလဲခြင်းနှင့် အမည်ဖြည့်စွက်ခြင်းများအတွက် လျှောက်ထားခြင်း

(၁-၅) ထောက်ခံစာများ ထုတ်ပေးရန် လျှောက်ထားခြင်း

(၁-၆) အခြားနိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ မြန်မာနိုင်ငံသား ပြန်လည်ခံယူရန်လျှောက်ထားခြင်း

အထက်ပါအတိုင်း နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် အခြား စာရွက်စာတမ်းများကို USPS/FedEx/UPS စာပို့လမ်းကြောင်းမှ ပေးပို့ရာတွင် UPS ဖြင့် ပေးပို့သည့် စာ/ပါဆယ်/နိုင်ငံကူးလက်မှတ် ပျောက်ဆုံးမှု တစ်ခါတစ်ရံ ကြုံတွေ့ရကြောင်း သိရှိရသဖြင့် သတိပြု ဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။ ကာယကံရှင် အသုံးပြုသည့် စာပို့စနစ်ကြောင့် အချိန်မီမရရှိခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပွားပါက လျှောက်ထားသူ၏ တာဝန်သာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

**************************************************************************

သာမန်မြန်မာနိုင်ငံကူးလက်မှတ် (MRP) ပျောက်ဆုံးခြင်းအတွက် ဒဏ်ကြေးပြောင်းလဲကောက်ခံခြင်း

အသိပေးကြေညာချက် 

၁။      မြန်မာသံရုံး၊ ဝါရှင်တန်မြို့အနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ ပျက်စီးသွားပါသဖြင့် အသစ်ပြန်လည် လျှေက်ထားခြင်းအတွက် ဒဏ်ကြေးငွေ (အမေရိကန်ဒေါ်လာ ၇၅) အား ကောက်ခံ၍ ထုတ်ပေးလျက် ရှိပါသည်။

၂။       မြန်မာနိုင်ငံကူးလက်မှတ်သည် မြန်မာနိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုဖြစ်ပြီး အရေးကြီးသော သက်သေခံအထောက်အထားတစ်ခုဖြစ်၍ မသက်ဆိုင်သူများ လက်ထဲသို့ မရောက်ရှိရေးအတွက် ကာယကံရှင်က ထိန်းသိမ်းစောင့်ရှာက်ရမည့်တာဝန်ရှိပြီး နိုင်ငံကူးလက်မှတ် ထုတ်ယူကိုင်ဆောင်ထားသူများအနေဖြင့် တန်ဖိုးထား ဂရုတစိုက် ကိုင်တွယ်သွားစေရေးအတွက် နိုင်ငံကူးလက်မှတ် ပြည်ပတွင် ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် ဒဏ်ကြေးငွေအား အမေရိကန် ဒေါ်လာ (၇၅) မှ အမေရိကန်ဒေါ်လာ (၁၀၅) သို့ ပြောင်းလဲကောက်ခံသွားရန် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့မှ အကြောင်းကြားလာပါသဖြင့်  စာအုပ်တန်ဖိုး အမေရိကန်ဒေါ်လာ (၃၅) နှင့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ (၁၀၅) စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၄၀)သို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မှစတင်၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ် ပါသည်။

 

မြန်မာသံရုံး၊ ဝါရှင်တန်မြို့

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ  ၂၃ ရက်

*************************************************************************

သာမန်မြန်မာနိုင်ငံကူးလက်မှတ်တန်ဖိုး ပြောင်းလဲသတ်မှတ်ခြင်း

အသိပေးကြေညာချက်

မြန်မာသံရုံး၊ ဝါရှင်တန်မြို့သည် အမေရိကန်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် (MRP) များအား ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၂၅) ဒေါ်လာ ကောက်ခံ၍ ထုတ်ပေးလျက်ရှိပါသည်။

ယခုအခါ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၈) ရက်မှစတင်၍ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (MRP) ပုံစံအသစ်များအား ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ပါသဖြင့် သတ်မှတ်နှုန်းထားဖြစ်သည့် တစ်အုပ်လျှင် အမေရိကန်ဒေါ်လာ(၃၅)ဒေါ်လာသို့ တရားဝင်ပြောင်းလဲကောက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းလွန်ဒဏ်ကြေး၊ စာအုပ်ပျောက်ဆုံးမှု ဒဏ်ကြေးတို့မှာ မူလနှုန်းထားအတိုင်း ဆက်လက်ကောက်ခံသွားမည်ဖြစ်ပါကြောင်းလည်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ဝါရှင်တန်မြို့
ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်

**********************